ထွေးဦးမြန်မာရိုးရာရုပ်သေးအဖွဲ့ (၅)နိုင်ငံရုပ်သေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန်ထွက်ခွာ (၂၂-၁၀-၂၀၁၁)
Created by HOMM on Sat, 10/22/2011 - 21:28
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်အခြေစိုက်သော Goethe-Institut Indonisia မှစီစဉ်ကျင်းပ မည့် “Rencontre de Marionettes” (Meeting of international Puppeteers) (၅)နိုင်ငံ ရုပ်သေးအလုပ်ရုံ ဆွေးနွေးပွဲနှင့်ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ-ချင်းမိုင်မြို့တွင် ၂၀၁၁ခုနှစ်၊ အောက်တိုဘာ(၂၀)ရက်မှ (၃၀)ရက်နေ့ထိ၎င်း၊ ကမ္ဘောဒီးယားနိုင်ငံ-ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ(၁)ရက်မှ (၅)ရက်နေ့ထိ၎င်း၊ မြန်မာနိုင်ငံ-ရန်ကုန်မြို့တွင် နိုဝင်ဘာ(၆)ရက်မှ (၁၂)ရက်နေ့ထိ၎င်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိဂျာမဏီသံရုံးနှင့် ပြင်သစ်သံရုံး Institut Francais (Birmanie) တို့က ထွေးဦးမြန်မာရိုးရာရုပ်သေးအဖွဲ့မှ ရုပ်သေးပညာရှင်(၃)ဦးတက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။

အဆိုပါ ရုပ်သေးအလုပ်ရုံ ဆွေးနွေးပွဲနှင့်ဖျော်ဖြေပွဲသို့ မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-ဂျာမဏီနှင့် ပြင်သစ်တို့မှ ရုပ်သေးအဖွဲ့(၅)ဖွဲ့တက်ရောက်မည်ဖြစ်ပြီး ရန်ကုန်မြို့မှ ထွေးဦးမြန်မာရုပ်သေးအဖွဲ့ကို ဒါရိုက်တာ ဦးခင်မောင်ထွေးဦးဆောင်၍ ရုပ်သေးပညာရှင်များဖြစ်ကြသော ဦးမောင်ကြည်နှင့် ဒေါ်တင်နန်းမြင့်(ခ)နန်းတင် တို့တက်ရောက်မည်ဖြစ်ရာ (၂၂-၁၀-၂၀၁၁)နံနက်ပိုင်းတွင် Air Asia လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားကြပါသည်။
(၅)နိုင်ငံမှရုပ်သေးပညာရှင်များတွေ့ဆုံ၍ ရုပ်သေးပညာရပ်များဖလှယ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များကျင်းပခြင်းနှင့် စုပေါင်းဖျော်ဖြေပွဲများကျင်းပမည်ဖြစ်ရာ ထိုင်းနိုင်ငံ-ချင်းမိုင်မြို့ ESC (Empty Space Chiangmai) Theatre ၌ (၂၈-၁၀-၂၀၁၁) ည(၇)နာရီတွင်၎င်း၊ ချင်းမိုင်တက္ကသိုလ် Art Museum ၌ (၂၉-၁၀-၂၀၁၁) ည(၇)နာရီတွင်၎င်း၊ ကမ္ဘောဒီးယားနိုင်ငံ-ဖနွမ်းပင်မြို့ Institut Francais (Cambodge) ၌ နိုဝင်ဘာ (၄)ရက်နှင့် (၅)ရက်နေ့များတွင်၎င်း၊ မြန်မာနိုင်ငံ-ရန်ကုန်မြို့ Institut Francais (Birmanie)၌် နိုဝင်ဘာ(၁၁)ရက် နှင့် (၁၂)ရက်နေ့များတွင်၎င်း Puppets beyond borders (HOME) အမည်ဖြင့် ကပြကြမည်ဖြစ်ပါသည်။



