တပ်မတော်ခန်းမ Made in Myanmar Show 2011 တွင် ကပြမည့် မြန်မာ့ရုပ်သေး
Created by HOMM on Mon, 08/15/2011 - 08:14
တပ်မတော်ခန်းမမှာကျင်းပမယ့် Made in Myanmar Show 2011 မှာ ကျွန်တော်တို့ ထွေးဦးမြန်မာ အဖွဲကို ကပြဖို့ ဖိတ်ကြားထားပါတယ်။ ဒီပွဲမှာ ကပြမှုတင်မဟုတ်ပဲ ဟောပြောပွဲ သရုပ်ပြပွဲတွေပါလုပ်ဖို့ရှိပါတယ်။ Made in Myanmar Show 2011 ကို သြဂုတ်လ ၂၆၊ ၂၇၊ ၂၈ ရက်များမှာ ကျင်းပသွားမှာဖြစ်ပြီး ပြခန်းပေါင်း ၁၀၀ တွင် မြန်မာနိုင်ငံမှ ထွက်ကုန်၊ ထုတ်ကုန်အမျိုးမျိုး နှင့် မြန်မာ့အစားအစားများ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် တွဲဖက်၍ပြသသွားမှာ ဖြစ်ပါတယ်။ ပြပွဲမှာပါမည့် အစီအစဉ်များကတော့ မြန်မာ့ယဉ်ကျေးမှု နှင့် စပ်လျဉ်းသည့် ဟောပြောပွဲများ၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာ ပြကွက်များ၊ မြန်မာ့ဂီတ အနုပညာစီစဉ်တင်ဆက်မှုများ၊ မြန်မာ့ရုပ်သေးပွဲ၊ မြန်မာထုတ်ကုန်ပစ္စည်း ကြော်ညာ အစီအစဉ်များကို ပြသသွားမှာဖြစ်ပါတယ်။


