Invitation for Puppet Shows (Yangon) will be performed by France-Germany-Myanmar-Thailand-Cambodia
Created by HOMM on Tue, 11/08/2011 - 07:06
(၅)နိုင်ငံ (၅)ဖွဲ့စလုံး ရန်ကုန်မှာ ယနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ကြပါတယ်... ပြင်သစ်ယဉ်ကျေးမှုဌာန ၊ပြည်လမ်း ၊မဟာမြိုင် မှာ ၁၁ရက်(သောကြာ)နဲ့ ၁၂ရက်(စနေ) နှစ်ည ၆း၃ဝနာရီမှာ စုပေါင်းကပြပါ့မယ်... (မနေ့က ၇း၀၀ လို့ မှားပြောမိပါတယ်) ပြင်သစ်အရိပ်ရုပ်သေး-မြန်မာကြိုးဆွဲရုပ်သေး-ဂျာမဏီလက်ထိုးရုပ်သေး - ကမ္ဘောဒီးယားအရိပ်ရုပ်သေး - ထိုင်းအရိပ်ရုပ်သေးများကို တစ်ထိုင်တည်း ကြည့်ရမှာဖြစ်ပါတယ်... ကြုံတောင့်ကြုံခဲအခွင့်အရေးမို့ လက်မလွှတ်စေချင်ပါ...(ဝင်ကြေး အခမဲ့ဖြစ်ပါတယ်...) မိမိကိုယ်တိုင်ရော သားသမီး-တူ-တူမများကိုပြသသင့်ပါတယ်... ရုပ်သေးချစ်သူ ခရီးသွားဧည့်သည်များကိုလည်း တစ်ဆင့်စကားပါးပေးစေချင်ပါတယ်... နေရာကောင်းရဖို့တော့ စောစောကြွလာစေချင်ပါတယ်... ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါတယ်...
လေးစားစွာဖြင့်
ဦးထွေး(ထွေးဦးမြန်မာ)



